Kochi စီရင်စုတွင်နေထိုင်သောနိုင်ငံခြားသားများအတွက်ဂျပန်စာသင်ခန်းစာ
ဖြစ်ပါသည်။ အခမဲ့ (0 ယန်း) ဖြစ်ပါသည်။

လွယ်ကူသောဂျပန်စာသင်ခန်းစာလည်းရှိပါသည်။ ခက်ခဲသောဂျပန်စာသင်ခန်းစာ လည်းရှိပါသည်။

ဘယ် Level အတွက်လဲ။
JLPT N5 ~ N1.
ရှင်းလင်းချက်ကဘာဘာသာစကားနဲ့လဲ။
ဂျပန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား၊ ဗီယက်နမ်ဘာသာစကား၊ အင်ဒိုနီးရှားဘာသာစကား မြန်မာဘာသာစကား၊
ဘာတွေကိုလေ့လာနိုင်မလဲ။
အလုပ်တွင်အသုံးပြုသည့်ဂျပန်စာ၊ နေ့စဥ်ဘဝတွင်အသုံးပြုသည့်ဂျပန်စာ၊
မူလတန်းကျောင်းသားများအတွက်ဂျပန်စာ၊ ဂျပန်ယဉ်ကျေးမှု

1. လျှောက်ထားရန်အတွက်သတ်မှတ်ချက်

ဘယ်သူတွေလျှောက်ထားနိုင်မလဲ။ Kochi စီရင်စုတွင်နေထိုင်သောနိုင်ငံခြားသားများ
(သို့သော်၊ပညာတော်သင် ကျောင်းသားများနှင့် JET ပရိုဂရမ်အဖွဲ့ဝင်များသည်အသုံးပြု၍မရနိုင်ပါ။)
ငွေ‌ကြေး အခမဲ့ (0 ယန်း)
အသုံးပြုနိုင်သည့်လူဦးရေ 300 ဦး
ဘယ်အချိန်ကစပြီးလေ့လာနိုင်မလဲ။ 2.6.2025 ~ 1.12.2025
* သတ်မှတ်ကာလအတွင်းအချိန်မရွေးလေ့လာနိုင်ပါသည်။
အသုံးပြုနိုင်သည့်လူဦးရေအားသတ်မှတ်ထားပါသည်။
လျှောက်ထားသော်လည်းအသုံးမပြုနိုင်ခြင်းများရှိနိုင်ပါသည်။

အသုံးပြုမှုစည်းကမ်းချက်များ

မူပိုင်ခွင့်

ဂျပန် e-learning သင်ခန်းစာတွင်ပါဝင်သည့်အကြောင်းအရာများ၏မူပိုင်ခွင့်ကို Attain Co., Ltd. မှပိုင်ဆိုင်ပါသည်။ ပါဝင်သည့်အကြောင်းအရာများအားတရားမ၀င်ကူးယူခြင်း၊ ပေါက်ကြားခြင်း၊ အကောင့်အချက်အလက်များအားလွှဲပြောင်းခြင်း၊ ဝက်ဘ်ဆိုဒ်‌ပေါ်တင်ခြင်းစသဖြင့် တစ်ခုခုအားတွေ့ရှိပါက၊ ထိုစနစ်အားအသုံးပြုမှုကိုရပ်ဆိုင်းပါမည်။ (အသုံးပြုမည့် ဂျပန်စာ e-learning site အား Kochi စီရင်စုမှအလုပ်အပ်နှံထားသောကြောင့် Attain Corporation မှ ဆောင်ရွက်ပေးပါသည်။)

အကောင့်နှင့်ပတ်သက်ပြီး

သင်ယူမည့်သူအတွက်အကောင့်အားတစ်ဦးလျှင်အကောင့်တစ်ခုစီထုတ်ပေးပါမည်။ လူများစွာဖြင့်မျှဝေသုံးစွဲခြင်းမဖြစ်ပွားနိုင်အောင်ထိန်းသိမ်းပေးပါ။ လျှောက်ထားသူများအတွက်လည်းသင်ယူမှုအတွက်ထောက်ပံ့သူအကောင့် တစ်ခုကိုလည်း ထုတ်ပေးပါမည်။

အကြောင်းကြားခြင်း

နိုင်ငံခြားသား (သင်ယူမည့်သူ) နှင့် လျှောက်ထားသူ (သင်ယူမှုအတွက်ထောက်ပံ့သူ) ကြားမှဆက်ဆံရေးပြီးဆုံးသွားခြင်း၊ သို့မဟုတ် နိုင်ငံခြားသားသည်ထိုစီရင်စုမှ ပြောင်းရွှေ့သွားပါကအကြောင်းကြားပေးပါ။ အကောင့်ကိုဖျက်သိမ်းပါမည်။ စီမံထိန်းသိမ်းသူမှလျှောက်ထားသူ (သင်ယူမှုအတွက်ထောက်ပံ့သူ) အားဆက်သွယ် ၍မရပါက (သို့မဟုတ်) နိုင်ငံခြားသား (သင်ယူမည့်သူ) မှe-learning ဆိုဒ်အားအချိန် အတိုင်းအတာတစ်ခုအထိအသုံးမပြုပါကလည်းအလားတူအခြေအနေဖြစ်ပါသည်။

Attain Co., Ltd.
Eitai OT Building, 1-5-6 Saga, Koto-ku, Tokyo
Email: kochi-nihongo@attainj.co.jp
Tel: 03-6381-8641 FAX: 03-6381-8642

2. လျှောက်ထားရန်အတွက်အဆင့်ဆင့်

လျှောက်ထားခြင်းမှအကောင့်ထုတ်ပေးခြင်းအထိအဆင့်ဆင့်

3. လျှောက်ထားရန်ပုံစံ

ယခု ကျွန်ုပ်တို့သည် လျှောက်လွှာများလက်ခံခြင်းကို ပိတ်ထားပါသည်။

စုံစမ်းမေးမြန်းရန်လိပ်စာ

ဤစနစ်နှင့်ပတ်သက်ပြီးစုံစမ်းမေးမြန်းလိုသည်များရှိပါက kochi-nihongo@attainj.co.jp သို့စိတ်လက်ပေါ့ပါးစွာဆက်သွယ်နိုင်ပါသည်။
Kochi စီရင်စုမှဂျပန်စာ e-learning စနစ်အတွက်အလုပ်အပ်နှံထားသောကြောင့် Attain Corporationမှ ဆောင်ရွက်ပေးပါသည်။